Kali Linux Live CD ရှိဖို့ တော့လိုအပ်တယ်ခင်ဗျ။
Live CD လုပ်ဖို့ အတွက်ကတော့ Kali Linux ကို download လုပ်ပြီး ISO ကို CD/DVD ပေါ်မှာ burn လုပ်လိုက်ပါ။
Password Reset လုပ်မယ့်စက်ကို boot menu ခေါ်ပြီး Live (forensic mode) ကိုရွေးပါ။
အဲ့ဒီအခါ Kali Linux initialize ဖြစ်လာပြီး load လုပ်တဲ့အခါ Terminal Window ပွင့်လာပြီး တဲ့အခါမှာ window password database file ကို navigate လုပ်ပေးရပါမယ်။ အဲ့လိုလုပ်ပေးဖို့ အတွက်
Window Version တော်တော်များများမှာ window password တွေကို SAM ဆိုတဲ့ file နာမည်နဲ့ save လုပ်ထားလေ့ရှိပါတယ်။ အဲ့ဒီ file ဟာလည်း /Windows/System32/config ဆိုတဲ့ path မှာပဲ ရှိပါတယ်။
ဒါကြောင့် SAM database ဟာ သင့်ကွန်ပျူတာမှာ /media/name_of_hard_drive/Windows/System32/config ဆိုပြီးရှိပါလိမ့်မယ်။
အဲ့ဒီနောက် ls -l SAM* ဆိုပြီး ရိုက်ထည့်လိုက်ရင် SAM Log တွေ ကိုအောက်က ပုံအတိုင်းတွေ့ ရပါလိမ့်မယ်။
နောက်တဆင့်အနေနဲ့  chntpw -l SAM ဆိုတဲ့ command ကို အသုံးပြုခြင်းဖြင့် window system ထဲမှာရှိတဲ့ user name တွေကို မြင်ရမှာဖြစ်ပါတယ်။
user name တွေ ရပြီဆိုရင်တော့ chntpw -u "username" SAM ဆိုတဲ့ command ကို အသုံးပြုပြီး password reset ချနိုင်ပါတယ်။ ကျွန်တော်အောက်ကပုံထဲမှာ Administrator ဆိုတဲ့ username ကို အသုံးပြုပြီး နမူနာပြထားပါတယ်။ ဒါကြောင့် chntpw -u "Administrator" SAM ဆိုတဲ့ command ကိုရိုက်ထည့်လိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ ရပါလိမ့်မယ်။
အဲ့ဒီ option တွေထဲကမှ Clear (blank) user password ဆိုတာကို ရွေးခြယ်စေချင်ပါတယ်။
အဲ့ဒါဆိုရင် window ကို password မထည့်ပဲ ( password နေရာမှာဘာမှမဖြည့်ပဲ ) Login လုပ်နိုင်ပြီဖြစ်ပါတယ်။
Requirement တွေကတော့
- အနည်းဆုံး 8 GB disk space လိုအပ်ပါတယ်
- RAM ကတော့ အနည်းဆုံး 512 MB ရှိရမယ်လို့ ဆိုပေမယ့် 1024 MB လောက်ရှိသင့်တယ်လို့  recommend ပေးထားပါတယ်။
- ISO သို့ မဟုတ် VM Ware image ကို Kali Linux Site ကနေ download လုပ်ဖို့ လိုအပ်ပါတယ်။
အရင်ဆုံး အပေါ်မှာ ဖော်ပြထားတဲ့ Kali Linux ရဲ့  Official Site ကနေပြီးတော့ image file ကို download လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီ link မှာ download လုပ်တဲ့အခါမှာ အရင်ဆုံး register လုပ်ခိုင်းပါလိမ့်မယ်။ သင့်အနေနဲ့  name တွေ email address တွေ ဖြည့်ပြီး register လုပ်ချင်လဲ လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် မလုပ်ချင်ဘူးဆိုလဲ no problem ပါ။ "No thanks, just want to download!" ဆိုတာလေးကို click လုပ်ပြီး download process ကို စတင်လို့ ရပါတယ်။
download လုပ်တဲ့နေရာမှာလဲ ISO သို့ မဟုတ် VM Ware စသည်ဖြင့် format ရွေးခြယ်နိုင်ပါတယ်။ ဒီမှာတော့ ကျနော်က VM Ware နဲ့  install လုပ်မှာ ဖြစ်လို့  VM Ware ကို ရွေးခြယ်ပြီး "Download Kali" ကို click လုပ်လိုက်ပါ။
Download လုပ်ပြီးသွားပီဆိုရင်တော့ VM Ware မှာ install လုပ်ဖို့  အဆင်သင့်ဖြစ်နေပါပြီ။
အခု ဒီ Tutorial မှာတော့ ကျနော်က VMWare Player version: 5.0.2 build-1031769 ကို အသုံးပြုပြီး ပြသသွားမှာဖြစ်ပါတယ်။ အခြား VM Ware version တွေနဲ့ လည်း အသုံးပြုနိုင်ပါတယ်။
Step 1
VM Ware Player ကို ဖွင့်ပြီး Create a New Virtual Machine ဆိုတာကို click လုပ်ပါ။ ဒါဆိုရင် New Virtual Machine Wizard ဆိုတာ ပွင့်လာမှာဖြစ်ပါတယ်။
Step 2
အဲ့ဒီ screen မှာ I will install the operating system later ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။
Step 3
Guest operating system အတွက် Linux ကို ရွေးခြယ်ရပါမယ်။ ပြီးတော့ Version အနေနဲ့  Ubuntu ကို ရွေးခြယ်ပြီး Next နှိပ်လိုက်ပါ။
Step 4
Virtual machine name နဲ့ Location နေရာမှာ သူ default အတိုင်းထားပြီး Next နှိပ်ပါ။
Step 5
Specify Disk Capacity အတွက်Max: disk size နေရာမှာတော့ default အနေနဲ့  20 GB ထားပေးထားပါတယ်။ ပြီးရင်တော့ Split virtual disk into multiple files ဆိုတာကိုရွေးပြီး Next နှိပ်ပါ။
Step 6
ဒီအဆင့်မှာတော့ Finish နှိပ်ပါ။ ဒါဆိုရင်တော့ virtual machine process ပြီးဆုံးပြီဖြစ်ပါတယ်။
Step 15
ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ဘူးဗျ ပေါ်တာကြာပီလို့ တော့ထင်တယ် ကျနော်လည်း ပျင်းပျင်းနဲ့  dork တွေ လျှောက် စမ်း ရင်းနဲ့ တွေ့ တဲ့ဟာလေး မျှဝေပေးတာပါ။
အရင်ဆုံး www.google.com မှာ inurl:tinybrowser/upload.php ဆိုတာလေးကို copy & paste လုပ်ပြီး search လုပ်လိုက်ပါ။
ဒါဆိုရင် အထက်က ပုံထဲကအတိုင်း website title မှာ TinyBrowser :: Upload ဆိုပြီးတော့ search result ကို ရမှာဖြစ်ပါတယ်။
အဲ့ဒီ result ထဲကမှ အချို့  site တော်တော်များများဟာ title မှာ website directory ပါဖော်ပြထားပါတယ်။ အဲ့လို website directory ဖော်ပြထားတဲ့ site ကိုပဲ ရွေးခြယ်လိုက်ပါ။
ဒါဆိုရင်တော့ upload လုပ်လို့ ရတဲ့ page ကို ရောက်သွားမှာဖြစ်ပါတယ်။
Upload ရပီ ဆိုရင်တော့ တစ်ခုပဲဗျ သူက [.php] ဖိုင် တင်မရဘူး :P
[.html],[.txt],[.jpg],[.gif],[.bmp] စတာတွေကိုတော့ တင်လို့ ရတယ်
ဒါကြောင့် deface page ကို image file ဒါမှမဟုတ် txt file အနေနဲ့ တင်လို့ ရတယ်လေ :P
Respect List
Myanmar Hacker Uniteam
Brotherhood of Myanmar Hackers
and All Myanmar Attackers & All Myanmar Black Hats.
Categories
@Lph@ blog ကို Android Devices တွေပေါ်ကဖတ်ချင်ရင်
Link list 1
- Application (1)
- E-book (2)
- Facebook Tips & Tricks (2)
- Hacking Tutorial (37)
- HTML (2)
- Kali Linux (6)
- Mobile Tips & Tricks (5)
- Myanmar Cyber Army (1)
Popular Posts
-
တကယ်တော့ အားလုံးသိထားကြတာ gmail account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ ရတယ် လို့ ပဲ သိထားကြတယ်။ တဂယ်လဲ facebook က mail တစ်ခုက...
-
Facebook Account lock ကျတဲ့အခါမှာ ပြန်ဖြည်ဖို့ အတွက် photo tag တွေနဲ့  verification လုပ်ကြရတာ ကြုံဖူးကြမယ်ထင်တယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လဲ...
-
လူတော်တော်များများ သိထားကြတာက hacking တို့  pentesting တို့ ကို computer ကနေပဲလုပ်လို့ ရတယ်လို့ ထင်နေကြတယ်ဗျ။ တကယ်တန်းတော့ Android ဖု...
-
Session Hijacking ဆိုတာဘာလဲ ? Session Hijacking လုပ်တယ်ဆိုတာ ရှိပြီးသား active session တစ်ခုကို ခိုးယူခြင်းပဲဖြစ်ပါတယ်။ Session Hijacki...
-
Kali Linux အသုံးပြုသူတွေ အတွက် အသုံးဝင်မယ့် Tools တွေရဲ့  Descriptions တွေရယ် အသုံးပြုပုံတွေ ပါဝင်ပါတယ်။ Kali Linux ကို အသုံးပြုနေတယ်ဆိုရ...