Showing posts with label Kali Linux. Show all posts
Showing posts with label Kali Linux. Show all posts
Kali Linux အသုံးပြုသူတွေ အတွက် အသုံးဝင်မယ့် Tools တွေရဲ့  Descriptions တွေရယ် အသုံးပြုပုံတွေ ပါဝင်ပါတယ်။ Kali Linux ကို အသုံးပြုနေတယ်ဆိုရင် ဒီ E-book လေးဟာ သင့်ကို လုံးဝ အထောက်အကူပြုစေမှာသေချာပါတယ်။
Download Links >>>
https://www.dropbox.com/s/itgknrff8xupx9l/Kali.pdf
Issue:
- WLAN နဲ့ NetworkManager ကောင်းကောင်းအလုပ်လုပ်ရပါမယ်
- Wired Device (ethX) မှာ “unmanaged” ဆိုတာကိုရွေးထားရပါမယ်
- ပြီးတော့ DHCP-lease/IP-address ရနေတာတောင် လုပ်မရဘူးဆိုပါတော့
- /etc/network/interfaces ဆိုတာလည်းမှန်နေတယ် ဆိုရင်
Solution:
- Open root terminal and type
...
[ifupdown]
managed=true
...
- Save the file. Inorder, to make the changes to come to an effect, type
/etc/init.d/network-manager force-reload
Thursday, October 24, 2013
//
Labels:
Kali Linux
//
0
comments
//
Kali Linux Live CD ရှိဖို့ တော့လိုအပ်တယ်ခင်ဗျ။
Live CD လုပ်ဖို့ အတွက်ကတော့ Kali Linux ကို download လုပ်ပြီး ISO ကို CD/DVD ပေါ်မှာ burn လုပ်လိုက်ပါ။
Password Reset လုပ်မယ့်စက်ကို boot menu ခေါ်ပြီး Live (forensic mode) ကိုရွေးပါ။
အဲ့ဒီအခါ Kali Linux initialize ဖြစ်လာပြီး load လုပ်တဲ့အခါ Terminal Window ပွင့်လာပြီး တဲ့အခါမှာ window password database file ကို navigate လုပ်ပေးရပါမယ်။ အဲ့လိုလုပ်ပေးဖို့ အတွက်
Window Version တော်တော်များများမှာ window password တွေကို SAM ဆိုတဲ့ file နာမည်နဲ့ save လုပ်ထားလေ့ရှိပါတယ်။ အဲ့ဒီ file ဟာလည်း /Windows/System32/config ဆိုတဲ့ path မှာပဲ ရှိပါတယ်။
ဒါကြောင့် SAM database ဟာ သင့်ကွန်ပျူတာမှာ /media/name_of_hard_drive/Windows/System32/config ဆိုပြီးရှိပါလိမ့်မယ်။
အဲ့ဒီနောက် ls -l SAM* ဆိုပြီး ရိုက်ထည့်လိုက်ရင် SAM Log တွေ ကိုအောက်က ပုံအတိုင်းတွေ့ ရပါလိမ့်မယ်။
နောက်တဆင့်အနေနဲ့  chntpw -l SAM ဆိုတဲ့ command ကို အသုံးပြုခြင်းဖြင့် window system ထဲမှာရှိတဲ့ user name တွေကို မြင်ရမှာဖြစ်ပါတယ်။
user name တွေ ရပြီဆိုရင်တော့ chntpw -u "username" SAM ဆိုတဲ့ command ကို အသုံးပြုပြီး password reset ချနိုင်ပါတယ်။ ကျွန်တော်အောက်ကပုံထဲမှာ Administrator ဆိုတဲ့ username ကို အသုံးပြုပြီး နမူနာပြထားပါတယ်။ ဒါကြောင့် chntpw -u "Administrator" SAM ဆိုတဲ့ command ကိုရိုက်ထည့်လိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ ရပါလိမ့်မယ်။
အဲ့ဒီ option တွေထဲကမှ Clear (blank) user password ဆိုတာကို ရွေးခြယ်စေချင်ပါတယ်။
အဲ့ဒါဆိုရင် window ကို password မထည့်ပဲ ( password နေရာမှာဘာမှမဖြည့်ပဲ ) Login လုပ်နိုင်ပြီဖြစ်ပါတယ်။
Sunday, September 15, 2013
//
Labels:
Kali Linux
//
2
comments
//
Requirement တွေကတော့
- အနည်းဆုံး 8 GB disk space လိုအပ်ပါတယ်
- RAM ကတော့ အနည်းဆုံး 512 MB ရှိရမယ်လို့ ဆိုပေမယ့် 1024 MB လောက်ရှိသင့်တယ်လို့  recommend ပေးထားပါတယ်။
- ISO သို့ မဟုတ် VM Ware image ကို Kali Linux Site ကနေ download လုပ်ဖို့ လိုအပ်ပါတယ်။
အရင်ဆုံး အပေါ်မှာ ဖော်ပြထားတဲ့ Kali Linux ရဲ့  Official Site ကနေပြီးတော့ image file ကို download လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီ link မှာ download လုပ်တဲ့အခါမှာ အရင်ဆုံး register လုပ်ခိုင်းပါလိမ့်မယ်။ သင့်အနေနဲ့  name တွေ email address တွေ ဖြည့်ပြီး register လုပ်ချင်လဲ လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် မလုပ်ချင်ဘူးဆိုလဲ no problem ပါ။ "No thanks, just want to download!" ဆိုတာလေးကို click လုပ်ပြီး download process ကို စတင်လို့ ရပါတယ်။
download လုပ်တဲ့နေရာမှာလဲ ISO သို့ မဟုတ် VM Ware စသည်ဖြင့် format ရွေးခြယ်နိုင်ပါတယ်။ ဒီမှာတော့ ကျနော်က VM Ware နဲ့  install လုပ်မှာ ဖြစ်လို့  VM Ware ကို ရွေးခြယ်ပြီး "Download Kali" ကို click လုပ်လိုက်ပါ။
Download လုပ်ပြီးသွားပီဆိုရင်တော့ VM Ware မှာ install လုပ်ဖို့  အဆင်သင့်ဖြစ်နေပါပြီ။
အခု ဒီ Tutorial မှာတော့ ကျနော်က VMWare Player version: 5.0.2 build-1031769 ကို အသုံးပြုပြီး ပြသသွားမှာဖြစ်ပါတယ်။ အခြား VM Ware version တွေနဲ့ လည်း အသုံးပြုနိုင်ပါတယ်။
Step 1
VM Ware Player ကို ဖွင့်ပြီး Create a New Virtual Machine ဆိုတာကို click လုပ်ပါ။ ဒါဆိုရင် New Virtual Machine Wizard ဆိုတာ ပွင့်လာမှာဖြစ်ပါတယ်။
Step 2
အဲ့ဒီ screen မှာ I will install the operating system later ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။
Step 3
Guest operating system အတွက် Linux ကို ရွေးခြယ်ရပါမယ်။ ပြီးတော့ Version အနေနဲ့  Ubuntu ကို ရွေးခြယ်ပြီး Next နှိပ်လိုက်ပါ။
Step 4
Virtual machine name နဲ့ Location နေရာမှာ သူ default အတိုင်းထားပြီး Next နှိပ်ပါ။
Step 5
Specify Disk Capacity အတွက်Max: disk size နေရာမှာတော့ default အနေနဲ့  20 GB ထားပေးထားပါတယ်။ ပြီးရင်တော့ Split virtual disk into multiple files ဆိုတာကိုရွေးပြီး Next နှိပ်ပါ။
Step 6
ဒီအဆင့်မှာတော့ Finish နှိပ်ပါ။ ဒါဆိုရင်တော့ virtual machine process ပြီးဆုံးပြီဖြစ်ပါတယ်။
Step 7
Edit virtual machine settings ဆိုတာကို click လုပ်ပါ
Step 8
ဒီအဆင့်မှာတော့ Hardware Settings တွေကို စိတ်ကြိုက် customize or edit လုပ်နိုင်ပါတယ်။
memory ကို အနည်းဆုံး 1 GB ထားရပါမယ်
processor ကိုတော့ 1 သို့ မဟုတ် 2 ပေါ့ ဒါပေမယ့် Automatic ကိုထားဖို့ တော့ recommend ပေးပါတယ်။
ပြီးရင် CD/DVD IDE ကို click လုပ်ပါ ညာဘက် panel မှာ Connection ဆိုတာရဲ့ အောက်မှာ option ၂ ခုရှိပါတယ်
ပထမတစ်ခု Use physical drive မှာ Kali Linux ရှိတဲ့ CD ရဲ့  drive path ကိုပေးရမှာဖြစ်ပါတယ်။ (CD မှတဆင့် install လုပ်မည့်သူများအတွက်ဖြစ်ပါတယ်)
နောက်တစ်ခုက Use ISO image file မှာတော့ Kali Linux download လုပ်ထားတဲ့ path ကို ရွေးပေးရမှာဖြစ်ပါတယ်
ပြီးရင် OK ပေးလိုက်ပါ။
Step 9
ဘယ်ဘက် panel မှာရှိတဲ့ Kali Linux ဆိုတာကို select လုပ်လိုက်ပါ။ ပြီရင် Play virtual machine ဆိုတာကို click လုပ်လိုက်ပါ။
Step 10
ဒါဆိုရင်တော့ VM Ware Set up စတင်ပြီဖြစ်ပါတယ်။
Step 11
Set up လုပ်တဲ့အဆင့်ပြီးပီဆိုရင်တော့ Kali Linux Boot Screen ကိုတွေ့ ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ Graphical သို့ မဟုတ် Text-Mode install ကိုရွေးခြယ်ပြီး boot လုပ်ဖို့  Enter နှိပ်ပါ။
ပြီးရင်တော့ language select မှာ English ကို ရွေးပြီး Continue နှိပ်ပါ။
Step 12
Location ရွေးခြယ်ပြီး Continue ကို နှိပ်ပါ။
Step 13
Keyboard Configuration မှာတော့ English ကို ရွေးခြယ်ပေးရမှာဖြစ်ပါတယ်။
Step 14
OS ကနေပြီး disk ကို detect ဖြစ်ပြီဆိုတာနဲ့hard disk ထဲကို image copy လုပ်မှာဖြစ်ပါတယ်
Step 15
အဲ့ဒါပြီးရင်တော့ network configuration မှာ Host Name နှစ်သက်ရာ နာမည်တစ်ခုခုပေးပြီး Continue နှိပ်ပါ။
Step 16
ဒီအဆင့်မှာတော့ သင့်မှာ domain ရှိရင်ဖြည့်ပါ။ domain name မှန်ကန်ဖို့ တော့လိုအပ်ပါတယ်။ မရှိလဲ ဘာမှမဖြည့်ပဲ Continue နှိပ်လိုက်ပါ။
Step 17
root account အတွက် password တစ်ခုခု ပေးလိုက်ပြီး Continue နှိပ်ပါ။
Step 18
Network time server ကို auto detect လုပ်သွားပါလိမ့်မယ်
Step 19
Disk Partition လုပ်ဖို့  option တွေ ရွေးခိုင်းပါလိမ့်မယ်။ Beginner တွေအတွက်တော့ Guided- use entire disk ဆိုတာကို ရွေးခြယ်သင့်ပါတယ်။ ဒါမှမဟုတ် အတွေ့ အကြုံရှိတဲ့သူတွေကတော့ စိတ်ကြိုက် partition ခွဲနိုင်အောင် Manual ကိုလည်းရွေးခြယ်နိုင်ပါတယ်။
Manual Partition လုပ်တဲ့  procedure အဆင့်ဆင့်ကိုတော့ ကျနော် မဖော်ပြတော့ပါဘူး ပိုစ့်လဲတော်တော်ရှည်နေပြီလေ ... :P
Step 20
Disk Partition လုပ်တဲ့အဆင့်ဆင့်တစ်ခုပြီးတစ်ခု လုပ်သွားလိုက်ပါ ပြီးရင်တော့ Finish Partition and Write Change to Disk ဆိုတာ သင် partition လုပ်မယ့် condition ကို ပြန်ပြင်လို့ မရတော့ပါဘူးလို့ ဆိုလိုတာပါ။ သေချာပီဆိုရင်တော့ Continue နှိပ်လိုက်ပါ။
Step 21
Partition Format နဲ့ Installing အဆင့်တွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
Step 22
Network Mirror အသုံးပြုမလားလို့ မေးတဲ့နေရာမှာ Yes ကို ရွေးခြယ်လိုက်ပါ။
နောက်တစ်ခုကတော့ package manager configuration နေရာမှာ ဘာမှမဖြည့်ပဲ blank ထားပြီး Continue လုပ်လိုက်ပါ။
Step 23
GRUB boot loader ကို install လုပ်ပါ။
Step 24
နောက်ဆုံးအနေနဲ့  Finish ကိုနှိပ်ပြီး Kali Linux installation ကို reboot လုပ်လိုက်ပါ။
ဒါဆို reboot ပြန်တက်လာတဲ့အခါ Kali Linux Login Screen မှာ Step 17 မှာ ပေးထားခဲ့တဲ့ root account ရဲ့ password ရိုက်ထည့်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Wednesday, September 11, 2013
//
Labels:
Kali Linux
//
4
comments
//
Mozilla Firefox ဟာ Kali Linux မှာပါတဲ့ Default Browser ဖြစ်တဲ့  Iceweasel နဲ့ နှိုင်းယှဉ်ရင် အသုံးပြုရတာ User Friendly ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း Iceweasel နဲ့ ယှဉ်ရင် Firefox ကိုအသုံးပြုရတာ ပိုနှစ်သက်ပါတယ်။
ဒါကြောင့် Kali Linux မှာ Mozilla Firefox အသုံးပြုပုံကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။
အဓိက အရေးကြီးတာက မူလ Kali မှာပါတဲ့ Iceweasel ကို uninstall လုပ်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် သူက Firefox ကို install လုပ်ဖို့ allow ပေးမှာမဟုတ်ဘူးဗျ။
ဒါကြောင့် အရင်ဆုံးအနေနဲ့ 
၁။ terminal ဖွင့်ပြီးတော့ apt-get remove iceweasel
လို့ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် Iceweasel ကို remove လုပ်သွားမှာဖြစ်ပါတယ်။
၂။ ပြီးရင် echo -e "\ndeb http://downloads.sourceforge.net/project/ubuntuzilla/mozilla/apt all main" | tee -a /etc/apt/sources.list > /dev/null လို့ ရိုက်ထည့်ပြီးတော့ install လုပ်ဖို့ အတွက် repository ကို add လုပ်ရမှာဖြစ်ပါတယ်။
၃။ apt-key adv --recv-keys --keyserver keyserver.ubuntu.com C1289A29
ဆိုတာကတော့ လိုအပ်တဲ့ gpg key ကို import လုပ်ပေးမှာပါ။
၎။ လိုအပ်တဲ့ package ကို update လုပ်ဖို့ အတွက်ကတော့ apt-get update ဆိုတဲ့ command ကို အသုံးပြုရပါမယ်။
၅။ Mozilla Firefox ကို install လုပ်ဖို့ အတွက်ကတော့ apt-get install firefox-mozilla-build လို့ ရိုက်ထည့်ရပါမယ်။
၆။ အဲ့ဒီ installation ပြီးသွားရင်တော့ terminal ကနေ firefox လို့ ရိုက်ထည့်ပြီး Mozilla Firefox ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Friday, August 23, 2013
//
Labels:
Kali Linux
//
0
comments
//
ဒီတစ်ခါထွက်ရှိလာတဲ့ Kali Linux 1.0.4 မှာတော့အရင် version အဟောင်းနဲ့ ကြည့်ရင်တော်တော် လေး ပြောင်းလဲထားတာတွေ့ ရပါတယ်။
သူ့ မှာ ထပ်ဖြည့်ထားတဲ့ additional tools တွေကတော့
- Winexe
- Pass the Hash Toolkit
- enum4linux
- RegRipper
- rfcat
- Unicornsan
- jSQL
- JD-GUI
- Ubertooth
- Ghost Phisher
- Uniscan
- Arachni
- Bully
အဲ့ထဲက upgrade လုပ်ထားတဲ့ package အချို့ ကတော့
ထုံးစံအတိုင်းပဲ တကယ်လို့ သင်ဟာ Kali linux version အဟောင်းကို တင်ထားပြီးသားဆိုရင်တော့ Kali Linux 1.0.4 ထပ်ပြီး download ဆွဲစရာမလိုပါဘူး
Terminal ထဲကနေပဲ “apt-get update && apt-get dist-upgrade” ဆိုတဲ့ command ကို အသုံးပြုပြီး latest version ကို ရယူနိုင်ပါတယ်။
For more info on Kali Linux visit Official blog by Click Here or Download ISO Image from Download page.
Thursday, August 1, 2013
//
Labels:
Kali Linux
//
0
comments
//
Powered by Blogger.
Respect List
Blink Hacker Group
Myanmar Hacker Uniteam
Brotherhood of Myanmar Hackers
and All Myanmar Attackers & All Myanmar Black Hats.
Myanmar Hacker Uniteam
Brotherhood of Myanmar Hackers
and All Myanmar Attackers & All Myanmar Black Hats.
Categories
@Lph@ blog ကို Android Devices တွေပေါ်ကဖတ်ချင်ရင်
Link list 1
- Application (1)
- E-book (2)
- Facebook Tips & Tricks (2)
- Hacking Tutorial (37)
- HTML (2)
- Kali Linux (6)
- Mobile Tips & Tricks (5)
- Myanmar Cyber Army (1)
Popular Posts
-
Kali Linux အသုံးပြုသူတွေ အတွက် အသုံးဝင်မယ့် Tools တွေရဲ့  Descriptions တွေရယ် အသုံးပြုပုံတွေ ပါဝင်ပါတယ်။ Kali Linux ကို အသုံးပြုနေတယ်ဆိုရ...
-
ပထမဆုံးအနေနဲ့ Root လုပ်မယ့် Target Server ပေါ်မှာ သင့်ရဲ့  php shell ကို တစ်နည်းနည်းနဲ့ တင်ထားပြီးသားရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်...
-
တကယ်တော့ အားလုံးသိထားကြတာ gmail account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ ရတယ် လို့ ပဲ သိထားကြတယ်။ တဂယ်လဲ facebook က mail တစ်ခုက...
-
Pentesters သို့ မဟုတ် Hacker အများစုဟာ သူတို့ အတွက် အသုံးဝင်တဲ့ plugin တော်တော်များများ အသုံးပြု လို့ ရတဲ့ Mozilla Firefox Browser ကိ...
-
ဒီတစ်ခါ Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား ဆိုတာကို လေ့လာကြည့်ကြရအောင်။ အရင်ဆုံး Hacking A Faceboo...
Followers





































