Kali Linux ကိုအသုံးပြုပြီး Window Password ကို reset ချနည်း

Kali Linux Live CD ရှိဖို့ တော့လိုအပ်တယ်ခင်ဗျ။
Live CD လုပ်ဖို့ အတွက်ကတော့ Kali Linux ကို download လုပ်ပြီး ISO ကို CD/DVD ပေါ်မှာ burn လုပ်လိုက်ပါ။
Password Reset လုပ်မယ့်စက်ကို boot menu ခေါ်ပြီး Live (forensic mode) ကိုရွေးပါ။
အဲ့ဒီအခါ Kali Linux initialize ဖြစ်လာပြီး load လုပ်တဲ့အခါ Terminal Window ပွင့်လာပြီး တဲ့အခါမှာ window password database file ကို navigate လုပ်ပေးရပါမယ်။ အဲ့လိုလုပ်ပေးဖို့ အတွက်
Window Version တော်တော်များများမှာ window password တွေကို SAM ဆိုတဲ့ file နာမည်နဲ့ save လုပ်ထားလေ့ရှိပါတယ်။ အဲ့ဒီ file ဟာလည်း /Windows/System32/config ဆိုတဲ့ path မှာပဲ ရှိပါတယ်။
ဒါကြောင့် SAM database ဟာ သင့်ကွန်ပျူတာမှာ /media/name_of_hard_drive/Windows/System32/config ဆိုပြီးရှိပါလိမ့်မယ်။


အဲ့ဒီနောက် ls  -l  SAM* ဆိုပြီး ရိုက်ထည့်လိုက်ရင် SAM Log တွေ ကိုအောက်က ပုံအတိုင်းတွေ့ ရပါလိမ့်မယ်။

နောက်တဆင့်အနေနဲ့  chntpw  -l  SAM ဆိုတဲ့ command ကို အသုံးပြုခြင်းဖြင့် window system ထဲမှာရှိတဲ့ user name တွေကို မြင်ရမှာဖြစ်ပါတယ်။

user name တွေ ရပြီဆိုရင်တော့ chntpw  -u  "username"  SAM ဆိုတဲ့ command ကို အသုံးပြုပြီး password reset ချနိုင်ပါတယ်။ ကျွန်တော်အောက်ကပုံထဲမှာ Administrator ဆိုတဲ့ username ကို အသုံးပြုပြီး နမူနာပြထားပါတယ်။ ဒါကြောင့် chntpw  -u  "Administrator"  SAM ဆိုတဲ့ command ကိုရိုက်ထည့်လိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ ရပါလိမ့်မယ်။

အဲ့ဒီ option တွေထဲကမှ Clear (blank) user password ဆိုတာကို ရွေးခြယ်စေချင်ပါတယ်။
အဲ့ဒါဆိုရင် window ကို password မထည့်ပဲ ( password နေရာမှာဘာမှမဖြည့်ပဲ ) Login လုပ်နိုင်ပြီဖြစ်ပါတယ်။

Read more


Kali Linux Installation Step By Step

Requirement တွေကတော့

  • အနည်းဆုံး 8 GB disk space လိုအပ်ပါတယ်
  • RAM ကတော့ အနည်းဆုံး 512 MB ရှိရမယ်လို့ ဆိုပေမယ့် 1024 MB လောက်ရှိသင့်တယ်လို့   recommend ပေးထားပါတယ်။
  • ISO သို့ မဟုတ် VM Ware image ကို Kali Linux Site ကနေ download လုပ်ဖို့ လိုအပ်ပါတယ်။
အခု ကျွန်တော် Kali Linux ( version 1.0.2 ) ကို VM Ware ပေါ်မှာတင်ပြီး install လုပ်ပုံ အဆင့်ဆင့်ကို တစ်ဆင့်ချင်း ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပြီးတော့ ကျနော် Ubuntu OS ကို အသုံးပြုနေတာဖြစ်လို့ VM Ware ကို Ubuntu ပေါ်ကနေတဆင့် အသုံးပြုသွားမှာဖြစ်ပါတယ်။

အရင်ဆုံး အပေါ်မှာ ဖော်ပြထားတဲ့ Kali Linux ရဲ့  Official Site ကနေပြီးတော့ image file ကို download လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီ link မှာ download လုပ်တဲ့အခါမှာ အရင်ဆုံး register လုပ်ခိုင်းပါလိမ့်မယ်။ သင့်အနေနဲ့  name တွေ email address တွေ ဖြည့်ပြီး register လုပ်ချင်လဲ လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် မလုပ်ချင်ဘူးဆိုလဲ no problem ပါ။ "No thanks, just want to download!" ဆိုတာလေးကို click လုပ်ပြီး download process ကို စတင်လို့ ရပါတယ်။
download လုပ်တဲ့နေရာမှာလဲ ISO သို့ မဟုတ် VM Ware စသည်ဖြင့် format ရွေးခြယ်နိုင်ပါတယ်။ ဒီမှာတော့ ကျနော်က VM Ware နဲ့  install လုပ်မှာ ဖြစ်လို့  VM Ware ကို ရွေးခြယ်ပြီး "Download Kali"  ကို click လုပ်လိုက်ပါ။
Download လုပ်ပြီးသွားပီဆိုရင်တော့ VM Ware မှာ install လုပ်ဖို့  အဆင်သင့်ဖြစ်နေပါပြီ။
အခု ဒီ Tutorial မှာတော့ ကျနော်က VMWare Player version: 5.0.2 build-1031769 ကို အသုံးပြုပြီး ပြသသွားမှာဖြစ်ပါတယ်။ အခြား VM Ware version တွေနဲ့ လည်း အသုံးပြုနိုင်ပါတယ်။

Step 1
VM Ware Player ကို ဖွင့်ပြီး Create a New Virtual Machine ဆိုတာကို click လုပ်ပါ။ ဒါဆိုရင် New Virtual Machine Wizard ဆိုတာ ပွင့်လာမှာဖြစ်ပါတယ်။

Step 2
အဲ့ဒီ screen မှာ I will install the operating system later ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။

Step 3
Guest operating system အတွက် Linux ကို ရွေးခြယ်ရပါမယ်။ ပြီးတော့ Version အနေနဲ့  Ubuntu ကို ရွေးခြယ်ပြီး Next နှိပ်လိုက်ပါ။

Step 4
Virtual machine name နဲ့ Location နေရာမှာ သူ default အတိုင်းထားပြီး Next နှိပ်ပါ။

Step 5
Specify Disk Capacity အတွက်Max: disk size နေရာမှာတော့ default အနေနဲ့  20 GB ထားပေးထားပါတယ်။ ပြီးရင်တော့ Split virtual disk into multiple files ဆိုတာကိုရွေးပြီး Next နှိပ်ပါ။

Step 6
ဒီအဆင့်မှာတော့ Finish နှိပ်ပါ။ ဒါဆိုရင်တော့ virtual machine process ပြီးဆုံးပြီဖြစ်ပါတယ်။

Step 7
Edit virtual machine settings  ဆိုတာကို click လုပ်ပါ

Step 8
ဒီအဆင့်မှာတော့ Hardware Settings တွေကို စိတ်ကြိုက် customize or edit လုပ်နိုင်ပါတယ်။ 
memory ကို အနည်းဆုံး 1 GB ထားရပါမယ်
processor ကိုတော့ 1 သို့ မဟုတ် 2 ပေါ့ ဒါပေမယ့် Automatic ကိုထားဖို့ တော့ recommend ပေးပါတယ်။
ပြီးရင် CD/DVD IDE ကို click လုပ်ပါ ညာဘက် panel မှာ Connection ဆိုတာရဲ့ အောက်မှာ option ၂ ခုရှိပါတယ်
ပထမတစ်ခု Use physical drive မှာ Kali Linux ရှိတဲ့ CD ရဲ့  drive path ကိုပေးရမှာဖြစ်ပါတယ်။ (CD မှတဆင့် install လုပ်မည့်သူများအတွက်ဖြစ်ပါတယ်)
နောက်တစ်ခုက Use ISO image file မှာတော့ Kali Linux download လုပ်ထားတဲ့ path ကို ရွေးပေးရမှာဖြစ်ပါတယ်
ပြီးရင် OK ပေးလိုက်ပါ။

Step 9
ဘယ်ဘက် panel မှာရှိတဲ့ Kali Linux ဆိုတာကို select လုပ်လိုက်ပါ။ ပြီရင် Play virtual machine ဆိုတာကို click လုပ်လိုက်ပါ။

Step 10
ဒါဆိုရင်တော့ VM Ware Set up စတင်ပြီဖြစ်ပါတယ်။

Step 11
Set up လုပ်တဲ့အဆင့်ပြီးပီဆိုရင်တော့ Kali Linux Boot Screen ကိုတွေ့ ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ Graphical သို့ မဟုတ် Text-Mode install ကိုရွေးခြယ်ပြီး boot လုပ်ဖို့  Enter နှိပ်ပါ။
ပြီးရင်တော့ language select မှာ English ကို ရွေးပြီး Continue နှိပ်ပါ။

Step 12
Location ရွေးခြယ်ပြီး Continue ကို နှိပ်ပါ။

Step 13
Keyboard Configuration မှာတော့ English ကို ရွေးခြယ်ပေးရမှာဖြစ်ပါတယ်။

Step 14
OS ကနေပြီး disk ကို detect ဖြစ်ပြီဆိုတာနဲ့hard disk ထဲကို image copy လုပ်မှာဖြစ်ပါတယ်

Step 15
အဲ့ဒါပြီးရင်တော့ network configuration မှာ Host Name နှစ်သက်ရာ နာမည်တစ်ခုခုပေးပြီး Continue နှိပ်ပါ။

Step 16
ဒီအဆင့်မှာတော့ သင့်မှာ domain ရှိရင်ဖြည့်ပါ။ domain name မှန်ကန်ဖို့ တော့လိုအပ်ပါတယ်။ မရှိလဲ ဘာမှမဖြည့်ပဲ Continue နှိပ်လိုက်ပါ။

Step 17
root account အတွက် password တစ်ခုခု ပေးလိုက်ပြီး Continue နှိပ်ပါ။

Step 18
Network time server ကို auto detect လုပ်သွားပါလိမ့်မယ်

Step 19
Disk Partition လုပ်ဖို့  option တွေ ရွေးခိုင်းပါလိမ့်မယ်။ Beginner တွေအတွက်တော့ Guided- use entire disk ဆိုတာကို ရွေးခြယ်သင့်ပါတယ်။ ဒါမှမဟုတ် အတွေ့ အကြုံရှိတဲ့သူတွေကတော့ စိတ်ကြိုက် partition ခွဲနိုင်အောင် Manual ကိုလည်းရွေးခြယ်နိုင်ပါတယ်။

Manual Partition လုပ်တဲ့  procedure အဆင့်ဆင့်ကိုတော့ ကျနော် မဖော်ပြတော့ပါဘူး ပိုစ့်လဲတော်တော်ရှည်နေပြီလေ ... :P

Step 20
Disk Partition လုပ်တဲ့အဆင့်ဆင့်တစ်ခုပြီးတစ်ခု လုပ်သွားလိုက်ပါ ပြီးရင်တော့ Finish Partition and Write Change to Disk ဆိုတာ သင် partition လုပ်မယ့် condition ကို ပြန်ပြင်လို့ မရတော့ပါဘူးလို့ ဆိုလိုတာပါ။ သေချာပီဆိုရင်တော့ Continue နှိပ်လိုက်ပါ။

Step 21
Partition Format နဲ့ Installing အဆင့်တွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။


Step 22
Network Mirror အသုံးပြုမလားလို့ မေးတဲ့နေရာမှာ Yes ကို ရွေးခြယ်လိုက်ပါ။
နောက်တစ်ခုကတော့ package manager configuration နေရာမှာ ဘာမှမဖြည့်ပဲ blank ထားပြီး Continue လုပ်လိုက်ပါ။


Step 23
GRUB boot loader ကို install လုပ်ပါ။

Step 24
နောက်ဆုံးအနေနဲ့  Finish ကိုနှိပ်ပြီး Kali Linux installation ကို reboot လုပ်လိုက်ပါ။

ဒါဆို reboot ပြန်တက်လာတဲ့အခါ Kali Linux Login Screen မှာ Step 17 မှာ ပေးထားခဲ့တဲ့ root account ရဲ့ password ရိုက်ထည့်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Read more


TinyFileBrowser (Remote file Upload Vulnerability)

ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ဘူးဗျ ပေါ်တာကြာပီလို့ တော့ထင်တယ် ကျနော်လည်း ပျင်းပျင်းနဲ့  dork တွေ လျှောက် စမ်း ရင်းနဲ့ တွေ့ တဲ့ဟာလေး မျှဝေပေးတာပါ။

အရင်ဆုံး www.google.com မှာ inurl:tinybrowser/upload.php ဆိုတာလေးကို copy & paste လုပ်ပြီး search လုပ်လိုက်ပါ။


ဒါဆိုရင် အထက်က ပုံထဲကအတိုင်း website title မှာ TinyBrowser :: Upload ဆိုပြီးတော့ search result ကို ရမှာဖြစ်ပါတယ်။

အဲ့ဒီ result ထဲကမှ အချို့  site တော်တော်များများဟာ title မှာ website directory ပါဖော်ပြထားပါတယ်။ အဲ့လို website directory ဖော်ပြထားတဲ့ site ကိုပဲ ရွေးခြယ်လိုက်ပါ။

ဒါဆိုရင်တော့ upload လုပ်လို့ ရတဲ့ page ကို ရောက်သွားမှာဖြစ်ပါတယ်။
Upload ရပီ ဆိုရင်တော့ တစ်ခုပဲဗျ သူက [.php] ဖိုင် တင်မရဘူး :P
[.html],[.txt],[.jpg],[.gif],[.bmp] စတာတွေကိုတော့ တင်လို့ ရတယ်
ဒါကြောင့် deface page ကို image file ဒါမှမဟုတ် txt file အနေနဲ့ တင်လို့ ရတယ်လေ :P


Read more

Powered by Blogger.

About This Blog

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Respect List

Blink Hacker Group

Myanmar Hacker Uniteam

Brotherhood of Myanmar Hackers

and All Myanmar Attackers & All Myanmar Black Hats.

Popular Posts

Followers

စည်းလုံးခြင်းသံစဉ်ရေဒီယို

Web hosting for webmasters