Facebook account lock ကျလို့  Photo Verification လုပ်ခိုင်းရင် ဘယ်လို လုပ်မလဲ


Facebook Account lock ကျတဲ့အခါမှာ ပြန်ဖြည်ဖို့ အတွက် photo tag တွေနဲ့  verification လုပ်ကြရတာ ကြုံဖူးကြမယ်ထင်တယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လဲ ခနခန ကြုံဖူးတယ် ပိုဆိုးတာက ကျွန်တော့ account ထဲက friends တော်တော်များများ က မျက်နှာဖုံးတွေနဲ့  ဖြစ်နေကြတော့ ကျွန်တော်ကိုယ်တိုင်လဲ တော်တော် တိုင်ပတ်ခဲ့တယ်ဗျ။

ဒါပေမယ့် သာမန် facebook user တွေအနေနဲ့ အထူးသဖြင့် friend များတဲ့လူတွေအတွက်တော့ lock ကျသွားလို့  photo verification ပြန်လုပ်တဲ့အခါ အခက်အခဲ အနည်းငယ် ရှိတယ်ဗျ။ အဲ့ဒါကတော့ verification လုပ်ခိုင်းတဲ့ photo ပိုင်ရှင်တွေကို နာမည်နဲ့ တွဲပြီး မမှတ်မိကြတာပါ။

အဲ့ဒါကို ဖြေရှင်းဖို့  bypass နည်းလမ်းလေး ပြောပြချင်ပါတယ်။

account lock ကျလို့  photo verification လုပ်ခိုင်းတဲ့အခါ ကိုယ်မသိတဲ့ သူ ရဲ့ photo ပါလာခဲ့ရင်တော့ photo အောက်မှာ ရွေးခိုင်းတဲ့ account name တွေထဲက တစ်ခုချင်းဆီကို google image search မှာ ယခုလို ရိုက်ပီး ရှာဖွေ နိုင်ပါတယ်

facebook + (ရွေးခိုင်းတဲ့ account name တစ်ခု)

အဲ့လို ရှာလိုက်တဲ့အခါ အဲ့ account ပိုင်ရှင်ရဲ့  photo ကို search result ရဲ့  ပထမဆုံး ဖော်ပြတဲ့ ၃ ပုံအတွင်းမှာ ပါမှာဖြစ်ပြီး photo verification လုပ်ခိုင်းတဲ့ ပုံ ထဲ ပါမပါ တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်
ဒီလိုနည်းနဲ့  တစ်ခုပြီးတစ်ခု ကို တိုက်ဆိုင် စစ်ဆေးပြီး မှန်မှန်ကန်ကန် verify လုပ်နိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာက တကယ်လို့  ကံမကောင်းလို့  no verification method is available
now ဆိုရင်တော့ ပထမဆုံးအကြိမ် ၁ နာရီ ထပ်စောင့်ပြီး ပြန် try လုပ်ကြည့်ပါ။

ဒုတိယအကြိမ်ထပ်ဖြစ်တယ်ဆိုရင်တော့ ၂၄ နာရီ စောင့်ပြီးမှ ပြန် try လို့ ရပါမယ်။

Note .... မကြာသေးမီ ရက်ပိုင်းကပဲ facebook က Policy တစ်ချို့ ပြောင်းလဲလိုက်ပီဖြစ်ပါတယ် အဲ့ဒါကတော့ close friends လို ဟာမျိုး ထဲမှာ ရင်းနှီးတဲ့ သူများ ကို list ထည့်ထားမယ်ဆိုရင် account lock ကျသွားခဲ့ရင်တောင်မှ အဲ့ လူတွေရဲ့  Photo တွေနဲ့ ပဲ verification လုပ်ခိုင်းပါတော့တယ်။

ဒီလိုနည်းနဲ့  account lock ကျခဲ့ရင် ပြန်လည်ရယူနိုင်ကြပါစေဗျာ......


3 comments to "Facebook account lock ကျလို့  Photo Verification လုပ်ခိုင်းရင် ဘယ်လို လုပ်မလဲ"

  • စာတွေလာဖတ်သွားပါတယ်ခင်ဗျာ :)

  • ကျနော့် ဖွဘုတ်ကတော့ security question ထားလိုက်တယ်။ အချို့ လူတွေ အဲ့ဒါရှာမရဘူး ဘာလို့ မတူကြတာလည်းမသိဘူး ?

  • နာမည်တူမရှားလူတူမရှားမို့ တော်တော်ရှာရခက်တယ်ဗျာ

Post a Comment

သင့်ရဲ့  comment များက ကျွန်တော်တို့လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည်၊ ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်းဝေဖန်အကြံပေးနိုင်ပါသည်။

Powered by Blogger.

About This Blog

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Respect List

Blink Hacker Group

Myanmar Hacker Uniteam

Brotherhood of Myanmar Hackers

and All Myanmar Attackers & All Myanmar Black Hats.

Popular Posts

Followers

Web hosting for webmasters