ဒီတစ်ခါတော့ wireless network ရဲ့  security ပိုင်းနဲ့ ပတ်သတ်ပြီး ကျနော် တီးမိခေါက်မိ သလောက်လေး ကို share ပေးတဲ့သဘောပါ။
Wireless Network ဆိုတာဘာလဲ ?
Wireless network ဆိုတာ devices တွေတစ်ခုနဲ့ တစ်ခုကို wire တွေ အသုံးမပြုပဲ တစ်ခုနဲ့ တစ်ခု radio wave ကို အသုံးပြုပြီး interconnection လုပ်တဲ့ network အမျိုးအစားဖြစ်ပါတယ်။
computer ထဲမှာရှိတဲ့ wireless adaptor ကနေပြီးတော့data တွေကို translate လုပ်ပြီး radio signal နဲ့  transmit လုပ်လိုက်ပါတယ်။ အဲ့ဒီ signal ကို wireless router ကနေ receive လုပ်ပြီး decode လုပ်ခြင်းဖြင့် connect လုပ်ပါတယ်။
wireless network ကို အများအားဖြင့် Wifi ဒါမှမဟုတ် WLan လို သုံးနှုံးခေါ်ဝေါ်ကြပါတယ်။
wireless network ရဲ့ အဓိကအားသာချက်ကတော့ user တွေ အနေနဲ့  network ကို connect လုပ်ဖို့ အတွက် plug ထိုးစရာမလိုတာကြောင့် အသုံးပြုရတာ ပိုမို အဆင်ပြေပါတယ်။
သူ့ မှာလဲ အားနည်းချက်ရှိပါတယ်။ အဲ့ဒါကတော့ properly configured မလုပ်ထားရင် security ပိုင်းမှာ wire နဲ့  connect လုပ်တာထက် ပိုပြီး security ပိုင်း အားနည်းပါတယ်။
Basic Terminology
Service Set Identifier (SSID) ဆိုတာ wireless networks ရဲ့  alphanumeric string တွေပါ။ သူက အများဆုံး 32 bit အထိရှိပါတယ်။ channel တစ်ခု သို့ မဟုတ် range တစ်ခုအတွင်းမှာ network တစ်ခုထက်မက ရှိနိုင်ပါတယ်။ SSID ဟာ network တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။
Wireless Access Point (WAP)
WAP ဆိုတာကတော့ wireless network signals ကို generated လုပ်တဲ့ point ကိုဆိုလိုတာပါ။
WAP ဆိုတာ network ထဲမှာရှိတဲ့ computer ကနေ ထုတ်လွှင့်လိုက်တဲ့ radio signals တွေကို receive လုပ်ပေးပြီး router ကို ပို့ ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။
Basic Service Set Identifier (BSSID)
WAP ဒါမှမဟုတ် wireless router ရဲ့  MAC address 48 bit key ဖြစ်ပါတယ်။
Beacons
Beacons ဆိုတာ network ထဲမှာရှိတဲ့ computers တွေနဲ့ WAP ကြားမှာ connect လုပ်ပေးတဲ့ wireless packet တွေပဲဖြစ်ပါတယ်။
Wireless Equivalent Privacy (WEP) ဆိုတာဘာလဲ ?
WEP ဆိုတာကတော့ wifi data stream တွေကို encrypt လုပ်ထားခြင်းပဲဖြစ်ပါတယ်။ WEP encryption မှာ 64bit သို့ မဟုတ် 128bit key ဖြစ်ပါတယ်။
WEP ရဲ့ အားသာချက်များ
1. Authenticating Clients
users ဒါမှမဟုတ် clients ဟာ network ကို access လုပ်ဖို့ အတွက် မှန်ကန်တဲ့ WEP key ကို ရိုက်ထည့်မှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
2. Privacy
wireless data တွေကို encrypt လုပ်ခြင်းဖြင့် user က မှန်ကန်တဲ့ WEP key ကို ရိုက်ထည့်တဲ့အခါကျမှ decryption ကို allow လုပ်မှာဖြစ်ပါတယ်။
WEP key ကို အလွယ်တကူ crack လုပ်လို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ Initialization Vector (IV) size က 24bit ဆိုတော့ အရမ်းတိုလွန်းတယ်။
ဒါကြောင့်မို့ လို့  Wi-Fi Protected Access(WPA) နဲ့  WPA2 ဆိုတဲ့  security protocols တွေကို ထပ်မံ released လုပ်လာကြပါတယ်။

Friday, August 16, 2013
//
Labels:
Hacking Tutorial
//
0
comments
//
0 comments to "Basics of Wireless Network "
Powered by Blogger.
Respect List
Blink Hacker Group
Myanmar Hacker Uniteam
Brotherhood of Myanmar Hackers
and All Myanmar Attackers & All Myanmar Black Hats.

Categories
@Lph@ blog ကို Android Devices တွေပေါ်ကဖတ်ချင်ရင်
Link list 1
- Application (1)
- E-book (2)
- Facebook Tips & Tricks (2)
- Hacking Tutorial (37)
- HTML (2)
- Kali Linux (6)
- Mobile Tips & Tricks (5)
- Myanmar Cyber Army (1)
Popular Posts
-
တကယ်တော့ အားလုံးသိထားကြတာ gmail account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ ရတယ် လို့ ပဲ သိထားကြတယ်။ တဂယ်လဲ facebook က mail တစ်ခုက...
-
Facebook Account lock ကျတဲ့အခါမှာ ပြန်ဖြည်ဖို့ အတွက် photo tag တွေနဲ့  verification လုပ်ကြရတာ ကြုံဖူးကြမယ်ထင်တယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လဲ...
-
လူတော်တော်များများ သိထားကြတာက hacking တို့  pentesting တို့ ကို computer ကနေပဲလုပ်လို့ ရတယ်လို့ ထင်နေကြတယ်ဗျ။ တကယ်တန်းတော့ Android ဖု...
-
Session Hijacking ဆိုတာဘာလဲ ? Session Hijacking လုပ်တယ်ဆိုတာ ရှိပြီးသား active session တစ်ခုကို ခိုးယူခြင်းပဲဖြစ်ပါတယ်။ Session Hijacki...
-
Kali Linux အသုံးပြုသူတွေ အတွက် အသုံးဝင်မယ့် Tools တွေရဲ့  Descriptions တွေရယ် အသုံးပြုပုံတွေ ပါဝင်ပါတယ်။ Kali Linux ကို အသုံးပြုနေတယ်ဆိုရ...
Post a Comment
သင့်ရဲ့  comment များက ကျွန်တော်တို့လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည်၊ ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်းဝေဖန်အကြံပေးနိုင်ပါသည်။