ဒီတစ်ခါ Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား ဆိုတာကို လေ့လာကြည့်ကြရအောင်။
အရင်ဆုံး Hacking A Facebook Account နဲ့  Cracking A Facebook Account ဆိုတာ မတူညီတဲ့ term နှစ်ခု ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။
Hacking A Facebook Account ဆိုတာက foolproof methods တွေဖြစ်တဲ့ Phishing တို့  Keylogger တို့ စသည့် နည်းလမ်းပေါင်းစုံ ဖြင့် account တစ်ခုကို ရယူခြင်းဖြစ်ပါတယ်.... ( မှတ်ချက် ။ ။ အခြား methods တွေအများကြီး ရှိပါသေးတယ် )
Cracking A Facebook Account ဆိုတာကတော့ Bruteforce Attack တို့  Dictionary Attack တို့ ဖြင့် password ကို crack လုပ်ပြီ account တစ်ခုကို ရယူခြင်းဖြစ်တယ်လို့  အကြမ်းဖျင်းအားဖြင့် ဆိုနိုင်ပါတယ်။
Bruteforce Attack
Bruteforce Attack ဆိုတာကတော့ အခြေခံအကျဆုံး cracking method တစ်ခုဖြစ်ပါတယ်။ Bruteforce Attack ဟာ ဖြစ်နိုင်ခြေရှိတဲ့ password combination တွေကို correct password ရသည်အထိ တိုက်ဆိုင် စစ်ဆေးပေးတဲ့ method ဖြစ်ပါတယ်။ ဒါပေမယ့် password က ရှုပ်ထွေးလေလေ correct password ရဖို့  အချိန်ပို ကြာလေလေ ပါပဲ။
အဲ့ဒါနဲ့ ပတ်သတ်လို့  အောက်က table လေးကို ကြည့်ကြည့်ပါ။
Dictionary Attack
Bruteforce Attack နဲ့  Dictionary Attack တို့ မှာ ကွာခြားချက်က တစ်ခုတည်းရှိပါတယ်။ အဲ့ဒါကတော့ Dictionary Attack မှာ မိမိစိတ်ကြိုက် try ချင်တဲ့ password ကို try လုပ်နိုင်တဲ့ အချက်ပါပဲ။ နားရှုပ်သွားလားမသိဘူး :D
Dictionary Attack မှာ wordlist ကို လွတ်လွတ်လပ်လပ် စိတ်ကြိုက်ရွေးခြယ်ပိုင်ခွင့်ရှိပါတယ်။
အောက်မှာဖော်ပြထားတဲ့ Video Tutorial ကို ကြည့်ခြင်းဖြင့် Dictionary Attack ကို ပိုမို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။
ကဲ .. ဒါဆို Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်ပါ့မလား ?
Facebook နဲ့ တခြား social site တွေအားလုံး နီးပါးက unsuccessful login attempts လို့ ခေါ်တဲ့ မအောင်မြင်တဲ့ login attempts တွေ အကြိမ်အနည်းငယ်လောက် try ပြီးသွားတဲ့ အခါမှာ အဲ့ဒီ account ကို lock ချလေ့ရှိပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ "Account Lockout Feature" သို့ မဟုတ် "Account Lockout feature" ကဲ့သို့ သဘောတရားတူသည့် feature တစ်ခုခုဖြင့် automated password cracking method ကို ကာကွယ်လေ့ရှိပါတယ်။
ဒါ့ကြောင့် ကျွန်တော့် အနေနဲ့  Facebook Account တစ်ခုကို Crack လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။
Monday, August 26, 2013
//
Labels:
Hacking Tutorial
//
3
comments
//
3 comments to "Facebook Account တစ်ခု ကို Crack လုပ်ဖို့ ဖြစ်နိုင်ပါ့မလား ?"
Post a Comment
သင့်ရဲ့  comment များက ကျွန်တော်တို့လို blogger တွေ အတွက် အားဆေးတစ်ခွက်ပါ။
ကောင်းသည်၊ ဆိုးသည် ရေးနိုင်ပါသည်။ လိုအပ်သည်များကိုလည်းဝေဖန်အကြံပေးနိုင်ပါသည်။
Powered by Blogger.
Respect List
Blink Hacker Group
Myanmar Hacker Uniteam
Brotherhood of Myanmar Hackers
and All Myanmar Attackers & All Myanmar Black Hats.
Myanmar Hacker Uniteam
Brotherhood of Myanmar Hackers
and All Myanmar Attackers & All Myanmar Black Hats.
Categories
@Lph@ blog ကို Android Devices တွေပေါ်ကဖတ်ချင်ရင်
Link list 1
- Application (1)
- E-book (2)
- Facebook Tips & Tricks (2)
- Hacking Tutorial (37)
- HTML (2)
- Kali Linux (6)
- Mobile Tips & Tricks (5)
- Myanmar Cyber Army (1)
Popular Posts
-
တကယ်တော့ အားလုံးသိထားကြတာ gmail account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ ရတယ် လို့ ပဲ သိထားကြတယ်။ တဂယ်လဲ facebook က mail တစ်ခုက...
-
Facebook Account lock ကျတဲ့အခါမှာ ပြန်ဖြည်ဖို့ အတွက် photo tag တွေနဲ့  verification လုပ်ကြရတာ ကြုံဖူးကြမယ်ထင်တယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လဲ...
-
လူတော်တော်များများ သိထားကြတာက hacking တို့  pentesting တို့ ကို computer ကနေပဲလုပ်လို့ ရတယ်လို့ ထင်နေကြတယ်ဗျ။ တကယ်တန်းတော့ Android ဖု...
-
Session Hijacking ဆိုတာဘာလဲ ? Session Hijacking လုပ်တယ်ဆိုတာ ရှိပြီးသား active session တစ်ခုကို ခိုးယူခြင်းပဲဖြစ်ပါတယ်။ Session Hijacki...
-
Kali Linux အသုံးပြုသူတွေ အတွက် အသုံးဝင်မယ့် Tools တွေရဲ့  Descriptions တွေရယ် အသုံးပြုပုံတွေ ပါဝင်ပါတယ်။ Kali Linux ကို အသုံးပြုနေတယ်ဆိုရ...
Unknown says:
လာလည်တယ် အရမ်းမိုက်တယ် တားကတော့ ဟက်ကင်းမရေးဝူး
Ko Alpha says:
ကျေးဇူးတင်ပါတယ် bro က ဘာတွေရေးလဲ ဘလော့တွေ site တွေရှိရင် လိပ်စာပေးခဲ့အုံး
Ko Alpha says:
တွေပီဗျ http://kaungkhantshare.blogspot.com ကျနော်လည်း လာလည်သွားပါတယ် :D